အုတ်တွင်း မတ် ၂၄
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အခြေခံပညာဦးစီးဌာနက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက အထက(အုတ်တွင်း) ပညာရတနာခန်းမ၌ ဖွင့်လှစ်သည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူမာက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ သင်တန်းသား သင်တန်းသူ ၁၄၀ အား သင်တန်းနည်းပြဆရာ ဆရာမ ၁၂ ဦးတို့က မတ်၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ စာတွေ့/ လက်တွေ့သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


