အုတ်တွင်း ဇူလိုင် ၂၂

 

စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် Rice Export Zone စီမံချက်အား MMKH Company နှင့် Wing Dragon Myanmar Company တို့ ပူးပေါင်း၍ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးရေးစရိတ် ပေးအပ်ပွဲကို ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ကြယ်နီဆန်စက်၌ ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပသည်။

 

ဦးစွာ တောင်ငူခရိုင်အဆင့် Rice Export Zone လုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှာစကား ပြောကြားပြီး Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးသန်းကိုက စိုက်ပျိုးစရိတ် ပေးအပ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်အဆင့် Rice Export Zone လုပ်ငန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ရဲဇော်က Rice Export Zone ဆောင်ရွက်ရာတွင် Exporter နှင့် တောင်သူများအကြား စိုက်ပျိုးရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တောင်သူများအား စိုက်ပျိုးစရိတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)