အုတ်တွင်း မေ ၁၂

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်တွင် ရက် (၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါကာကွယ်ဆေးများ အခမဲ့ လိုက်လံထိုးနှံပေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက လက်စွပ်ကျကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်သည်။

 

မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာ ဒေါ်ထက်ယမုံဦးက ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများ၊ ကျွဲ၊ နွား လည်ချောင်းကွဲရောဂါ လက္ခဏာများအား ကြိုတင်ကာကွယ်ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး လက်စွပ်ကျကျေးရွာအတွင်းရှိ ကျွဲ၊ နွားကောင်ရေ ၁၅၀ အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

ခင်ခင်မာ(ပြန်/ဆက်)