အုတ်တွင်း မတ် ၁၈
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် အထက (အုတ်တွင်း )စာစစ်ဌာန၌ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ စွမ်းရည်(၃)ရပ်၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ မိန့်ခွန်းမှကောက်နုတ်ချက်၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်စသည့်အကြောင်းအရာများနှင့် သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများအား ဖတ်ရှုလေ့လာနိုင်စေရန် အခမဲ့ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


