အုတ်တွင်း     ဖေဖော်ဝါရီ   ၁၇

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ် ကြက်သွန်ခင်း(၁)ရပ်ကွက်နှင့် ကျွဲပွဲမြို့ အမှတ်(၄)ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခြင်းနှင့် အကြံပြုခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် ပေးလျက်ရှိသည်။

 

ထိုသို့စစ်ဆေးရာတွင် လျှပ်စစ်အသုံးပြုရာတွင် သတိထားရမည့် အချက်များ၊ အမှိုက်မီးရှို့ရာတွင် လိုက်နာရမည့်အချက်များ၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ ထားရှိစေရေးနှင့် မီးသတ်ဆေးဘူးများ ထားရှိစေရေး၊ မီးဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီ ဆက်သွယ်အကြောင်းကြားပေးရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

 

ခင်ခင်မာ(ပြန်/ဆက်)