အုတ်တွင်း ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ရေဆင်းပေါ်ဆန်း(၁)မျိုးစေ့ထုတ် နွေစပါးကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက တဲကြီးကုန်းကျေးရွာအုပ်စုရှိ ဦးသူလွင်ထွန်းအပါအဝင် ငါးဦးတို့၏ လယ်မြေ ၂၅ ဧက၌ ပြုလုပ်သည်။
အဆိုပါကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြသရာတွင် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး/ မွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အဖွဲ့ဝင်များက တက်ရောက်ကြည့်ရှု အားပေးကြသည်။ ဆက်လက်၍ အုတ်တွင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူ ၁၀၀ နှင့်တွေ့ဆုံ၍ ပန်းတိုင် အထွက်နှုန်းရရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဆန်စက်များကိုလည်း တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


