အုတ်တွင်း ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ ဒေသအတွင်း မျိုးစပါးများ မျိုးကောင်း၊ မျိုးသန့်ရရှိ ထုတ်လုပ်နိုင်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေး / မွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဆင်းပေါ်ဆန်း (1) မျိုးစပါး မျိုးစေ့ထုတ်လုပ် စိုက်ပျိုးရန် ပျိုးထောင်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု အားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးသည်။
အုတ်တွင်းမြို့နယ် အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း နွေစပါး မျိုးကောင်း၊ မျိုးသန့်ရရှိစေရန် မျိုးစပါးမျိုးစေ့ထုတ် စိုက်ဧက ၇၀ စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိတဲကြီးကုန်း ကျေးရွာအုပ်စုရှိ တောင်သူ ဦးတရုတ်ကြီး၏ လယ်မြေတွင် မျိုးစပါးမျိုးစေ့ထုတ် စိုက်ဧက ၂၅ ဧကကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်အတွက် ပျိုးထောင်ထားရှိခဲ့ကြောင်းနှင့် စိုက်ဧကများ လျာထားချက်ပြည့်မီ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


