အုတ်တွင်း ဇွန် ၁၆

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့တို့ပူးပေါင်း၍ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ယင်လုံအိမ်သာ ဆောက်လုပ် သုံးစွဲရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်း ရေးလုပ်ငန်းအနေဖြင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီ က မဲကုန်းရပ်ကွက်အတွင်း ဆောင်ရွက်သည်။

 

ယင်းသို့ ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုး၏ ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သားဖွား ဆရာမဒေါ်နှင်းယမုံဝေနှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိထွန်း နှင့်အဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)