အုတ်တွင်း ဧပြီ ၉

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီက ဦးဆောင်၍ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီတို့က ယနေ့နံနက်ပိုင်းတွင် စျေးရပ်ကွက်ရှိ သီရိရတနာလမ်း၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။

 

အုတ်တွင်းမြို့နယ် သင်္ကြန်ပွဲတော်တွင် စျေးရပ်ကွက်ရှိ သီရိရတနာ လမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် စတုဒိသာအကျွေးအမွေးမဏ္ဍပ်များအား စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပဲခူးလမ်းရပ်ကွက်များမှ ယိမ်းအဖွဲ့များကလည်း ဖျော်ဖြေရေးအတွက် ကြိုတင်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)