အုတ်တွင်း မတ် ၁၆

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ကို ယနေ့နံနက် ၉ နာရီတွင် ရူပဗေဒ၊ သမိုင်းဘာသာရပ်တို့အား လည်းကောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း စာစစ်ဌာနတွင် သီးနှံကာကွယ်ရေး၊ ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေး ဘာသာရပ်တို့အားလည်းကောင်း ကျောင်းသား ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာနှင့် အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူး/ လက်ထောက်ကြီးကြပ်ရေးမှူးများက အနီးကပ်ကြီးကြပ်လျက်ရှိပြီး ကျောင်းအတွင်း/အပြင် လုံခြုံရေးနှင့် ကျောင်းသား ကျောင်းသူများအား အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)