အုတ်တွင်း         ဇွန်       ၂၁

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၁ ရက် နံနက်ပိုင်းက ပေါက်တောကြိုးဝိုင်း အကွက်အမှတ်(၁၃)တွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းရွှေနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူ ၁၂၀ တက်ရောက်ခဲ့ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မယ်ဇလီပင် စုစုပေါင်း ၅၄၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 

ခင်ခင်မာ(ပြန်/ဆက်)