အုတ်တွင်းမြို့နယ်တွင် အခြေခံစားသုံးကုန်များအား စျေးနှုန်းသက်သာစွာဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိ

အုတ်တွင်း ဇူလိုင် ၂၂ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြား လာသည့်အတွက် ပြည်သူများရောဂါထိန်းချုပ်နိုင်ရေးသော်လည်းကောင်း၊ ပြင်ပသို့စျေးဝယ်မထွက် နိုင်သူများအတွက်သော်လည်းကောင်း ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စျေးရောင်းမော်တော်ယာဉ်ဖြင့် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက မြို့ပေါ်/ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစျေးရောင်းကားပေါ်တွင် အခြေခံစားသုံးကုန်များဖြစ်သော ဟင်းသီး/ဟင်းရွက်၊ အသား/ငါး၊ ကြက်ဥများကို စျေးနှုန်းသက်သာစွာဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး ထိုလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများနှင့် အသား/ငါးမွေးမြူသူများက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ