မန္တလေး ၃၁ မေ
မန္တလေးတိုင်းဒေသကြီး အတွင်းသို့ အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းများ ၀င်ရောက်ပြေးဆွဲခွင့် ပိတ်ပင်ထားခြင်းကို ဇွန်လ (၁)ရက် နေ့မှ စတင်ကာ ဖြေလျှော့ပေးမည်ဖြစ်ခြင်းကြောင့် အဝေးပြေးယာဉ် ရပ်နားစခန်းများမှ ကားဂိတ်များတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။


