ပုသိမ် ၂၁ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အဝါရောင်မျိုး ဆက်သစ်လူငယ်ပရဟိအသင်း(Yellow Generation Wave) ပုသိမ်ဌာနခွဲ(ရွာသစ်ကုန်း)၌ မျိုးဆက်သစ် ကလေးငယ်များအတွက် မူကြိုကျောင်းဆောင် ဆောက်လုပ်ရန် မတည်အလှူငွေ ကျပ်သိန်းနှစ်ဆယ်ကို "ကမ်းလက်ဖြူစင်ကရုဏာရှင်" ပရဟိတအဖွဲ့(ရန်ကုန်)မှ ယမန်နေ့ နံနက်ပိုင်းတွင် လာရောက် လှူဒါန်းခဲ့သည်။
အလှူငွေများလာရောက်လှူဒါန်းသည့် "ကမ်းလက်ဖြူစင်ကရုဏာရှင်" ပရဟိတ အဖွဲ့(ရန်ကုန်)မှ စေတနာရှင်၊ အလှူရှင်များအား ဆရာတော်မှ အနုမောဒနာဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ကာ ရေစက်ချတရားဟောကြားချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
တိုးဝေဇင်(ပုသိမ်)


