နေပြည်တော်၊   ၁၁    ဒီဇင်ဘာ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံသုတေသနဌာနခွဲ၊ ပဲမျိုးစုံသီးနှံ သုတေသန ဌာနစုမှ သုတေသနပညာရှင်များသည် စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး၊ ရာသီဥတု ပြောင်းလဲမှုအား လိုက်လျောညီထွေမှု/ ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး၊ အပင်မျိုးရိုး ဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေး၊ သုတေသနနှင့် နည်းပညာပြန့်ပွားရေးနှင့် မျိုးပွားများ ခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် သုတေသနနှင့် နည်းပညာတိုးတက်ရေး အစရှိသော သုတေသန အစီအစဉ်များအောက်တွင် ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲပုပ်အပါအဝင် ဈေးကွက်အလား အလာကောင်း ပဲမျိုးစုံသီးနှံ သုတေသနလုပ်ငန်းများကို စီမံကိန်းများချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ‌ကြောင်း ဒီဇင်ဘာ  ၉  ရက်က  သိရသည်။

အဆိုပါ သုတေသနအစီအစဉ်များအနက် စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး အစီအစဉ် အောက်တွင် ပဲတီစိမ်းသီးနှံ မျိုးကောင်းမျိုးသန့်မွေးမြူရွေးချယ်ခြင်း သုတေသနစီမံကိန်း () ခုကို ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။ ယင်းစီမံကိန်းများထဲမှ အဝါရောင်မိုစေ့ရောဂါ ဒဏ်ခံနိုင်၍ သက်လျင်ပဲတီစိမ်းမျိုးများ ရွေးချယ်ခြင်းသုတေသနကို သုတေသနပညာရှင်များက ဆောင်ရွက်လျက် ရှိသည်။

ယင်းသုတေသနသည် အဝါရောင်မိုစေ့ရောဂါ ဒဏ်ခံနိုင်ရည်ရှိ၍ အသက်လျင်သည့် ပဲတီစိမ်းမျိုးများ ရရှိရန် ရည်ရွယ်ကာ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်‌ကြောင်း၊ ထိုသုတေသနကို ၂၀၁၁ ခုနှစ် မိုးရာသီမှ စတင်ကာ ရေဆင်း- ၁၄ မျိုးနှင့် YM-03-4-21 မျိုးတို့အား မျိုးကူးစပ်၍ သားဆက်အဆင့်ဆင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၀ ပြည့်နှစ် မိုးနှောင်းရာသီတွင် အဝါရောင်မိုစေ့ ရောဂါဒဏ် ခံနိုင်ရည်ရှိကာ သက်လျင်သော အလားအလာကောင်း မျိုးလိုင်း ()လိုင်း တွေ့ရှိနေပြီဖြစ်‌ကြောင်း အဆိုပါ သုတေသနပညာရှင်များထံမှ သိရသည်။

ယင်းမျိုးလိုင်း ()မျိုးမှာ YM-15-8-17 YM-15-8-19 YM-15-8-20 YM-15-8-22 နှင့် YM-15-8-31 တို့ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ခရမ်းသုံးခွရှိ ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများက ကြိုက်နှစ်သက် သော အလားအလာကောင်း မျိုးများလည်းဖြစ်သည်။    အဆိုပါ မျိုးလိုင်း ()မျိုးထဲမှ တောင်သူ အများစု ကြိုက်နှစ်သက်သည့် ဈေးကွက်အလားအလာကောင်းသော မျိုးလိုင်း ()မျိုးကို ထပ်မံရွေးချယ် သုတေသနပြုဆောင်ရွက်သွားမည်ဖြစ်ပြီး မျိုးသစ်အဖြစ် မှတ်ပုံတင်ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

မေမိုးသဲ