၂၈ မေ

လျှော်ဖွပ်ရန်အတွက်လိုအပ်ပစ္စည်းများမှာ

၁။ ဆပ်ပြာမှုန့်

၂။ ကလိုရင်းပါရှိတဲ့ ပိုးမွှားသတ်ဆေးရည်

၃။ သန့်ရှင်းတဲ့ အဝတ်စ တစ်ထည်

၄။ ပလတ်စတစ်ပုံးတစ်ပုံး နှင့်

၅။ ရော်ဘာ လက်အိတ်တို့ဖြစ်ပါတယ်။

 

ပထမဦးစွာ ပလတ်စတစ်ပုံးထဲ မှာ ဆပ်ပြာကို ရေနဲ့ ဖျော်လိုက်ပါ။ ရေ ၂ လီတာကို ဆပ်ပြာမှုန့် လက်ဖက်ရည်ဇွန်း ထည့်ဖို့လိုအပ်ပါတယ်။ သေချာဖျော်ထားတဲ့ ဆပ်ပြာရည်ထဲကို သုံးပြီးသား အဝတ်မျက်နှာဖုံးကို ၁၀ မိနစ်ခန့် စိမ်ထားပါ။ ဒီနေရာမှာ အရေးကြီးတဲ့အချက်ကတော့ အဝတ်မျက်နှာဖုံးကို တအား ဖိပြီး ပွတ်တိုက်လျှော်ဖို့ မလိုအပ်ပါတယ်။ တကယ်လို့ အဲဒီလို လုပ်ခဲ့မယ်ဆိုရင် အဝတ်စအသားတွေ ပျက်စီးသွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။

 

လျှော်ပြီးသား ဆပ်ပြာရည်တွေထဲက ထုတ်ပြီး ရေသန့်ဖြင့် ဆပ်ပြာရည်ကုန် သည်အထိ လျှော်ပေးပါ။

 

တကယ်လို့ အဝတ်မျက်နှာဖုံးပေါ်မှာ အစွန်းအထင်းများ ရှိနေခဲ့မယ်ဆိုရင် ကလိုရင်းပါရှိတဲ့ ပိုးမွှားသတ်ဆေးရည်( chlorine bleach) နဲ့ လျှော်ဖွပ်ရန် လိုအပ်ပါတယ်။ ကလိုရင်းပါရှိတဲ့ ပိုးမွှားသတ်ဆေးရည်သတ်ဆေးရည် ၁၅ မီလီ လီတာကို ရေတစ်လီတာမှာ ထည့်ဖျော်ရမှာ ဖြစ်ပါတယ်။ ဆေးရည်ဖျော်မယ်ဆိုရင် ဆေးရည်က အနံ့ပြင်းတဲ့အတွက် အခန်းပြတင်းပေါက်ဖွင့်ဖို့ နဲ့ ဆေးရည်က လက်ကို အနာတရ မဖြစ်အောင် ရော်ဘာလက်အိတ်ဝတ်ထားဖို့ က အရေးကြီးပါတယ်။

 

အဝတ်မျက်နှာဖုံးကို ဆေးဖျော်ရည်ထဲ ၁၀ မိနစ်လောက် စိမ်ထားပြီး ရေသန့်နဲ့ ဆေးရည်အနံ့ ပျောက်သည်အထိ ထပ်ခါထပ်ခါ လျှော်ဖို့ လိုအပ်ပါတယ်။

 

အဲဒီနောက် အဝတ်မျက်နှာဖုံးကို ရေမညှစ်ပဲ သန့်ရှင်းတဲ့ အဝတ်စအတွင်းမှာ ရေကုန်အောင် ဖိပေးရပါ့မယ်။ လုံးဝခြောက်သွေ့သွားအောင် အဝတ်မျက်နှာဖုံးကို အခန်းတွင်းမှာပဲ လှန်းထားပါ။

 

အဝတ်မျက်နှာဖုံးကို နေ့စဉ်လျှော်ဖွပ်ရန်လိုအပ်ပါတယ်။ မျက်နှာဖုံးရဲ့ ပုံစံမကောင်းတော့ရင်တော့ စွန့်ပစ်ဖို့လိုအပ်ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။

MDN
ကိုးကား - NHK