၄ မတ် 

 

အမေရိကန်နိုင်ငံရဲ့ တောင်ပိုင်းရှိ အယ်ဘားမားပြည်နယ်မှာ တနင်္ဂနွေနေ့က  လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် သစ်ပင်တွေ အမြစ်ကစလှန်ပြီး လဲကျခြင်း၊ နေအိမ်အဆောက်အအုံများနဲ့ လမ်းများပျက်ဆီးမှု များဖြစ်ပွားပြီး လူ ၂၃ ဦးသေဆုံးကြောင်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။ 

 


အယ်ဘားမားပြည်နယ်  တာဝန်ရှိသူတွေက “အခုချိန်အထိ သေဆုံးသူ ၂၃ ဦးရှိပြီး တချို့က ဒဏ်ရာအကြီးအကျယ်ရပြီး ဆေးရုံမှာ ဆေးကုသခံယူနေကြောင်း၊ အပျက်အစီးကြားမှာ ရှာဖွေမှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်းနဲ့ သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း၊ သေဆုံးသူတွေထဲမှာ ကလေးတွေ လည်းပါဝင်ကြောင်း” သတင်းဌာနတွေကို အတည်ပြုပြောကြားပါတယ်။ 

 


လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် အယ်ဘားမားပြည်နယ်က အိမ် ၆၀ဝ၀ ကျော်ဟာ လျှပ်စစ်မီး မရသလို အိမ်နီးချင်း ဂျော်ဂျီယာပြည်နယ်မှာတော့ အိမ်ပေါင်း ၁၆၀ဝ၀ ဟာ လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ PowerOutage ရဲ့ မှတ်တမ်းအရ သိရပါတယ်။

 


လေဆင်နှာမောင်း ဟာ တစ်နာရီကို မိုင် ၁၃၆ ကနေ ၁၆၅ မိုင်နှုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ 

 


MDN
ကိုးကား AFP

 

ိိ