ဆန်ဆာလ်ဗေဒို အောက်တိုဘာ ၁၁

 

အယ်လ်ဆာဗေဒိုနိုင်ငံတွင် ဂျူလီယာအမည်ရှိ အပူပိုင်းမုန်တိုင်းကြောင့် လူရှစ်ဦးထက်မနည်းသေဆုံးပြီး ၁၀၀၀ ကျော် နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း အာဏာပိုင်များက ယနေ့ပြောကြားသည်။

 

အဆိုပါသေဆုံးသူများအနက် နှစ်ဦးသည်မုန်တိုင်းဝင်ရောက်တိုက်ခတ်စဉ် နံရံပြိုကျမှုကြောင့် သေဆုံးပြီး ကျန်တစ်ဦးသည် သစ်ပင်လဲကျမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရာအူးလ်ဂျွာရက်ဇ်က  သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

 

အလားတူ လူနေအိမ်တစ်လုံး၏ နံရံပြိုကျမှုတွင် တပ်မတော်သားငါးဦးလည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြထားသည်။

 

မုန်တိုင်းဒဏ်ကြောင့် နေအိမ်မှ စွန့်ခွာသွားသည့်ပြည်သူ ၁၀၀၀ ကျော်တို့သည် အာဏာပိုင်များက စီစဉ်ပေးထားသည့် ယာယီခိုလှုံရေးစခန်း ၈၁ ခုအနက် ၃၅ ခုတွင် လောလောဆယ် နေထိုင်လျက် ရှိကြကြောင်း ဂျွာရက်ဇ် က ထပ်မံပြော ကြားသည်။ 

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ