ဆန်ဆာဗေးဒိုး    အောက်တိုဘာ     ၁၂

အယ်လ်ဆာဗေးဒိုးနိုင်ငံ၌  အပူပိုင်းမုန်တိုင်း  ဂျူလီယာဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး ရှစ်ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၀၀၀ ကျော်သည်လည်း ၎င်းတို့၏နေအိမ်များကို စွန့်ခွာကာ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ခိုလှုံခဲ့ကြရကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြား သည်။

အဆိုပါ သေဆုံးသူများအနက်မှ နှစ်ဦးသည် အုတ်တံတိုင်းပြိုကျမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အခြားသော အသက်အရွယ်ကြီးရင့်သည့် အမျိုးသားတစ်ဦးသည်လည်း ၎င်း၏နေအိမ်၌ သစ်ပင်ပြိုလဲကျမှု ဖြစ်ပွားပြီးနောက် သေဆုံးခဲ့ကြောင်း အယ်လ်ဆာဗေးဒိုးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရာအူးလ်ဂျူယာရက်ဇ်က သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားသည်။

အခြားသော တပ်ဖွဲ့ဝင်ငါးဦးသည်လည်း အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားပြီးနောက် သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြထားသည်။     

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်