၁၆ နိုဝင်ဘာ
အယ်လ်ဂျီးရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု အရေအတွက် တိုးလာတဲ့အတွက် တားမြစ်ချက် အသစ်တွေ ထုတ်ပြန်ကြောင်း တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။
အစိုးရက ကပ်ရောဂါပိုးရဲ့ စိုးရိမ်ရတဲ့ အခြေအနေကြောင့် တားမြစ်ချက်အသစ် ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။ ၁၅ ရက်တိတိ အကျုံးဝင်တဲ့ တားမြစ်ချက် အသစ်မှာ အားကစားပြုလုပ်ခြင်းကို တားမြစ်ထားခြင်း၊ ယဉ်ကျေးမှု စင်တာများနဲ့ ကမ်းခြေများကို ပိတ်ထားခြင်းတွေ ပါရှိပါတယ်။
ဒါ့အပြင် နိုင်ငံတစ်ဝန်းမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။ စီးပွားရေး လုပ်ငန်းတွေကို ညနေ ၃ နာရီတွင် ပိတ်ရမှာဖြစ်ပြီး ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေကို ပါဆယ်သာ ရောင်းခွင့်ပြုထားပါတယ်။
လူအများအပြား စုဝေးခြင်းဟာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုကို အထောက်အကူပြုတဲ့အတွက် လူစုလူဝေး လုပ်ခြင်းကိုပါ တားမြစ်ကြောင်း အစိုးရထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အယ်လ်ဂျီးရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၆၈,၀၀၀ ရှိပြီး သေဆုံးသူ အနည်းဆုံး ၂,၁၀၀ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားပါတယ်။ ပြီးခဲ့တဲ့လက သမ္မတ မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တဲ့အတွက် ဂျာမနီနိုင်ငံမှာ ဆေးကုသမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
