အယ်လ်ဂျီးယား ဇူလိုင် ၁၂
အယ်လ်ဂျီးရီးယားနိုင်ငံ ဒေသအများအပြား၌ ဆက်တိုက်ဖြစ်ပေါ်နေသည့် အပူလှိုင်းကြောင့် သဘာဝပေါက်ပင်များ မီးလောင်ပြီး တောမီးဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် ၂၄ နာရီအတွင်း မီးလောင်မှု ၁၂၇ မှုကို ငြှိမ်းသတ်ခဲ့ကြောင်း နိုင်ငံ၏ အရပ်ဘက်ကာကွယ်ရေးဌာနက ဇူလိုင် ၁၁ ရက်တွင် ပြောကြားသည်။
နိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ပြည်နယ်အများအပြားတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုများ အားလုံးကို အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အပူချိန်မြင့်မားခြင်းနှင့် ခြောက်သွေ့သော ရာသီဥတုအခြေအနေများကြောင့် တောမီးလောင်မှုအန္တရာယ်မြင့်တက်လာပြီး မီးလောင်ပျံ့နှံ့မှုပိုမိုမြန်ဆန်လာနိုင်ကြောင်း အရပ်ဘက်ကာကွယ်ရေးဌာနက သတိပေးထားသည်။
ဆင်ဟွာ


