ဇူလိုင် ၂၅
အယ်လ်ဂျီးရီးယားနိုင်ငံတွင် ရာသီဉတုပူပြင်းခြောက်သွေ့ကာ တောမီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် လူ ၃၄ ဦးထက်မနည်း သေဆုံးပြီး အခြား ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်။
မြေထဲပင်လယ်အနီးတစ်ဝိုက်ရှိကမ်းရိုးတန်းဒေသဖြစ်သော အယ်လ်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါတောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၃၄ ဦးတွင် စစ်သား ၁၀ ဦး ပါဝင်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။ ၂၆ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး လူ ၁၅၀၀ ခန့်အား ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့သည်ဟု သိရသည်။
တောမီးလောင်ကျွမ်းမှုတွင် သေဆုံးခဲ့သော စစ်သားများသည် ဘေးကင်းရာသို့ပြောင်းရွှေ့ပေးနေစဉ် မီးတောက်မီးလျှံများနှင့် မီးခိုးများ လျင်မြန်စွာပျံ့နှံ့လာသဖြင့် မီးတောက်များအတွင်းပိတ်မိခဲ့ခြင်းဖြစ်သည်။
မြေထဲပင်လယ်အနီးတစ်ဝိုက်ရှိနိုင်ငံများတွင် အပူချိန်မြင့်မားလျက်ရှိသည်။ အယ်လ်ဂျီးရီးယားနိုင်ငံ၏အိမ်နီးချင်း တူနီးရှားနိုင်ငံတွင် အပူချိန် ၄၉ ဒီဂရီ စင်တီဂရိတ် ရှိပြီး နိုင်ငံအနောက်ပိုင်းတွင် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့သည်။
ဂရိနိုင်ငံ ရုဒ်စ်ကျွန်းတွင်လည်း တောမီများလောင်ကျွမ်းခဲ့ရာ နိုင်ငံခြားခရီးသွားအများအပြားကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို