၂ အောက်တိုဘာ
အဆိုတော်ကြီး အယ်တန်ဂျွန်၏ ဘဝဇာတ်ကြောင်းကို အခြေခံကာရိုက်ကူးထားသည့် Rocketman ဇာတ်ကားနမူနာကို တနင်္လာနေ့တွင် စတင်ပြသခဲ့ပြီး သရုပ်ဆောင် တာရွန်အီဂါတွန်က နာမည်ကျော် ဂီတပညာရှင်အဖြစ် သရုပ်ဆောင်ထားသည်။ အဆိုပါ ဇာတ်ကားတွင် ဂျွန်၏ အအောင်မြင်ဆုံး ဂီတဖျော်ဖြေပွဲ ဖြစ်ရပ်များကို ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပြီး ၁၉၇၅ ခုနှစ်က ဒေါဂါ ကဇာတ်ရုံကြီးတွင် ပြုလုပ်ခဲ့သည့် သမိုင်းဝင် ဂီတဖျော်ဖြေပွဲကိုလည်း ထည့်သွင်းဖော်ပြထားသည်။ အဆိုပါ ဇာတ်ကားတွင် ပါဝင်ကြသည့် သရုပ်ဆောင်များမှာ Bryce Dallas Howard ၊ Jamie Bell နှင့် Richard Madden တို့ဖြစ်ကြသည်။ အဆိုပါ ရုပ်ရှင်ကို ၂၀၁၉ ခုနှစ် မေ ၃၁ ရက်တွင် ရုံတင်ပြသမည်ဟု သိရသည်။
အယ်တန်ဂျွန်သည် ဂရမ်ဆုကို ငါးကြိမ်တိုင်တိုင် ဆွတ်ခူးထားသူ ဖြစ်သည့်အပြင် Billboard ၏ အအောင်မြင်ဆုံး အနုပညာရှင် ၁၀၀ တွင် တတိယနေရာ ရရှိခဲ့သူလည်း ဖြစ်သည်။ အသက် ၇၁ နှစ်အရွယ် အယ်တန်ဂျွန်သည် သုံးနှစ်ကြာ နယ်လှည့်ဖျော်ဖြေပွဲပြီးသည့်နောက် ဖျော်ဖြေပွဲများမှ အနားယူတော့မည်ဟု ဇန်နဝါရီလအတွင်းက ကြေညာခဲ့သည်။ အသက် ၁၇ နှစ်မှစကာ တေးဂီတအဖွဲ့မျိုးစုံဖြင့် နယ်လှည့်ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သော အယ်တန်ဂျွန်သည် ယခုအခါ သူ့၏ဦးစားပေး အစီအစဉ်များ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူ၏လက်တွဲဖေါ် ဒေဗစ်ဖာနစ်ရှ်နှင့် ကလေးများကသာ သူ့ဘဝအတွက် ဦးစားပေးစရာများဖြစ်လာသည်ဟု ပြောကြားခဲ့သည်။
စီအင်န်အင်န်