ဝိဿဇ္ဇင(ပဲခူး)
“မင်းလွင်မှိုင်းဝေ၊ မြောက်လေချိုမြ၊ သွန်းချမြောက်ဖျန်း၊ လျှပ်ပန်းလျှပ်ခြည်၊ ဝန်းလည်ရစ်ခွေ၊ ထွေထွေခြယ်ဆန်း၊ တိမ်ပန်းရွှေပွင့်၊ ကုဆင့်ကုံးနစ်၊ ြွေကးဟစ်ရင့်ကျူး၊ တောင်ကူးပြောက်ပါး၊ တိမ်သားမှိုင်းဝေ၊ လွမ်းသာဖွေက”ဟူ၍ ကဆုန်လတွင် တွေ့မြင်ခံစားရ ပုံကို ရတုဘုရင်နတ်သျှင်နောင်က ပုံရိပ်ဖော်ခဲ့သည်။ကောင်းကင်ရှိ တိမ်တိုက်များက ရွာမလိုနှင့် ရွာရုပ်ဆင်နေ သော မိုးဦးရာသီ၏ အသွင်ကိုလှစ်ပြကာ နွေပီပီအပူ ရှိန်ပြင်းလှကြောင်းကို စာဆိုမဟာအတုလမင်းကြီး၏ “မြခြူငယ်စွန်းပါလို့၊ နေဝန်းငယ်စက်ရှိန်၊ တောက်လောင်ငယ်ထိန်သည်၊ ဖလ်သူရိန်တေဇာကြောင့်၊ ပူဗျာပါကဲတဲ့လကိုလေ” ဟူ၍ လွမ်းချင်းမှာ တွေ့ရသည်။
သို့ဖြစ်၍ ရှေးစာဆို၏လွမ်းချင်းနှင့်အညီ ကဆုန်လတွင် လေပြည်လေညင်းလေးများ တသုန်သုန်ရိုက်ခတ်၏။ လေပြည်လေညင်းများ ရိုက်ခတ်လေတိုင်း ပါလာတတ်သည်မှာ ရွက်ဟောင်းလေးများဖြစ်သည်။ အရွက်ကင်း သည့် ရိုးတံကျဲကျဲသစ်ကိုင်းခက်များပေါ်ဝယ် ရွက်သစ်ရွက်နုလေးများဖြင့် ဖူးပွင့်၍ဝေဆာနေလေပြီ။ ယင်း သမယတွင် မဟာပထဝီမြေက ခြောက်ခြောက်သွေ့သြွေီု့းငွေ့ဖွယ် ဖြစ်၍နေပေတော့သည်။
ကဆုန်လအဓိပ္ပာယ်
ကဆုန်လသည် ကုဆုန်မှ ကဆုန်ဖြစ်လာရသည်။ ဤကုဆုန်၊ ကဆုန်တို့တွင် ကု၊ ကတို့သည် “ရေ”ဟုအဓိပ္ပာယ်ရသည်။ ဆုန်၏ အဓိပ္ပာယ်မှာ သွန်းလောင်းဖျန်းခြင်းတို့ဖြစ်သည်။ ကုဆုန်၊ ကဆုန်ဟူသော ဝေါဟာရ တို့ကို “ရေသွန်းလ၊ ရေလောင်းလ၊ ရေဖျန်းလ”ဟူ၍ အဓိပ္ပာယ်ကောက်ယူရမည်ဟု ဖော်ပြထားသည်။
ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ ထိုရာ သီကိုစွဲပြီး မြန်မာသူဟောင်းတို့က ကဆုန်လဟု ခေါ်ဝေါ် ကြ၏။ မြန်မာဘာသာတွင် ပညာရှိတို့ကြံစည်သည်မှာ “ကံဥဒကံဆိန ́ တိတိကဆိနံ”ဟု ဝစနတ္တရသည်။ ယောမာ-သော အကြင်လသည်၊ ကံဥဒကံ၊ ရေကို၊ ဆိန ́တိဖြစ်တတ်၏။ ဣတိတသွာ၊ ထို့ကြောင့်၊ သောမာသော၊ ထိုလသည်၊ ကဆိနံ၊ ကဆုန်မည်၏။ အဓိပ္ပာယ်မှာကန်၊ ချောင်း၊ ဆည်၊ ထုံး၊ အင်း၊ အိုင်တို့၌ ရေပြတ်ရေစင်သောလကိုဆိုလိုသည်။ ဗေဒင်ကျမ်းတွင် အာဒီ၊ မဇ္ဈူ၊ အဝသာန်ခေါ်ဝေါ်ရာ၌ မဇ္ဈိမကို မဇ္စူံ ခေါ်သကဲ့သို့လည်းကောင်း၊ မုဒုမဇ္ဈံ မြန်မာပြန်သကဲ့သို့လည်းကောင်း၊ ကဆိန ကဆုန် ယူဆကြ၏။ ကျမ်းပြုဆရာ၏ဆိုလိုရင်းမှာ ကဆိန ဟူသောပါဠိမှ ကဆုန် ဖြစ်လာသည်။ ကသည်ရေဟော။ ဆုန်(ဆိန)သည် ပြတ်ခြင်းအဓိပ္ပာယ်ရှိ၍ ကဆုန်မှာ ရေပြတ်သောလဖြစ်သည်ဟု ဆိုလို၏။
အောင်ရာအောင်ကြောင်း ဆုပဏ္ဏာတောင်းကဆုန်လ ညောင်ရေသွန်းပွဲတော်သည် မြတ်ဘုရားရှင်ပွင့်တော်မူသော ဗောဓိပင်ကို ရေသွန်းလောင်း ခြင်းဖြင့် ဗုဒ္ဓရှင်တော်အလား အာရုံပွားကာ ဝပ်တွားရှိခိုး ဆုအမျိုးမျိုး တောင်းကြသည်။ ယင်းသို့ရေသွန်းလောင်းသည်ကိုအကြောင်းပြု၍ မြန်မာမှုတွင်ဘုရားကို ရည်ညွှန်းကာ လှူသောရေကိုလည်း ညောင်ရေဟု ခေါ် ကြသည်။ ညောင်ရေအိုး၊ ညောင်ရေအိုးစင်၊ ညောင်ရေအိုးပန်း၊ ညောင်ရေအိုးရေနှင့် သစ္စာပြုသည်စသည်တို့ ပေါ်ပေါက်လာသည်ဟု ထင်မှတ်ရန်ရှိ၏။အောင်ရာအောင်ကြောင်း ဆုပ္ဏာတောင်းချင်သောအခါများ၌ “ဘယ်ဘုရားမှာတဲ့ ဆွမ်းတော်တင်၊ ဘယ်ပလ္လင်ညောင်ရေလောင်းပါလို့၊ ဆုတောင်းပါရမယ်” ဆိုသည့်အတိုင်း ညောင်ရေလောင်း၍ ဆုတောင်းပါက ပြည့်သည်ဟုလည်း ယုံကြည်ကြ၏။ ရှင်မဟာသီလဝံသ၏ ဆုတောင်းခန်းပျို့တွင် “ဗောဓိညောင်ရွှေ ဗုဒ ̈ဟေအောက်၊ ဆန်းကြယ်ပေါက်သား၊ ရောင်တောက်ပလ္လင်၊ သမိုက်ပြင်ထင်၊ အောင်မြင်ခါသင့်၊ သစ္စာပွင့်က”ဟု စပ်ဆိုခဲ့၏။ထိုမျှသာမက ဗောဓိသည်မြတ်ဘုရားရှင် မာရ်ငါးပါးကိုအောင်မြင်တော်မူရာဖြစ်၍ “သံဝေဇနိယနှင့် အဝိဟိတ”နှစ်ဌာနစလုံးမှာ ပါဝင်သဖြင့် ထူးမြတ်သော သစ်ပင်ဖြစ်၏။ သဗ္ဗညုတ ရွှေÓဏ်တော်ကွန့်မြူး ပြည့်စုံရာဌာနဖြစ်သော ကြောင့်လည်း ဗောဓိမဏ္ဍိုင်ဟု ခေါ်၏။ ပါရမီတော်ခန်းတွင် “ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က၊ ချက်ရိုင်းပြည့်စုံ၊ နဝဂုဏ်တည်”ဟု ဖော်ကျူးခဲ့၏။
ဗောဓိပင်ပွား
ဗောဓိပင်သည် “ကာဠု၊ ယသော်၊ ညီတော်၊ ဆန ́၊ ကဏ္ဍက၊ သ္ဏော၊ ဗုဒ ̈ဟေ” ဆိုသည့် သုံးလောက ထွတ်ထား မြတ်စွာဘုရားရှင်၏ ဖွားဖက်တော်ခုနစ်ပါးတွင်တစ်ပါးအပါအဝင်ဖြစ်၏။ ဗောဓိÓဏ်ကိုရရန် အားထုတ်တော်မူရာ၌ အမှီပြုတော်မူသော သစ်ပင်ဖြစ်သည်။ညောင်ရေသွန်းလောင်းကြရာတွင် ဗုဒ ̈ဘုရားရှင်ပွင့်တော်မူခဲ့ရာ မူလမဟာဗောဓိပင်၏ ပင်ပွားများကိုသာ သွန်းလောင်းကြခြင်း ဖြစ်သည်။ ထို့ကြောင့် မဟာ ဗောဓိပင်ပွားများ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးမှသာ ညောင်ရေသွန်းလောင်းခြင်း ဖြစ်လာနိုင်၏။
မဟာဗောဓိပင်ပွားများသည် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော်ရောက်စ အလွန်ရှေးကျသောခေတ်ကပင်ရောက်လာခဲ့လိ်မ့်မည်ဟု ခန့်မှန်းရ၏။ သက္ကရာ ဇ် ၅၆၃ ခုနှစ်စွဲ သင်ကြီးညောင်အုပ်ကျောက်စာ(ကျော-၂၊ ၃)တွင်]]က(ဝိ)န် ယင်္သကူလေပြီဇအ်၊ ညောင်ဝိဖုန်---}}နှင့်သက္ကရာ ဇ် ၆၅၃ ခုနှစ်စွဲ စောလှဝန်ဘုရားကျောက်စာ (ကျော-၂၂၊၂၃)တွင် “မီးဖုန်းသင်္ကြန်၊ ညောင်ရိပ်သွန်၊ မပြတ်စေလျင်တည်၏” စသည့် ကျောက်စာအရ သိရသည်။တန်ခူးရေကုန် ကဆုန်ရေခန်းဟူသော စကားရှိသည်။ ဤလသည် နွေလယ်လ ဖြစ်သည်။ ပူပြင်းသော ကဆုန်လ၏အပူရှိန်ကို ကာကွယ်နိုင်ရန် ဆေးပညာရှိတို့၏ အယူအဆကိုလည်း မာဃဒေဝလင်္ကာသစ်ကြီး၌ “အတာကူးသား၊ တန်ခူးကဆုန်၊ ပူဟုန်တကြွ်က၊ ဝဿ္တ နှင့်၊ တဝထိုမြို့၊ တပို့တပေါင်း၊ ကြက်ဆောင်းမာသ၊ သိသိရ၌၊ လုံ့လကြိုးကုတ်၊ အားထုတ်ပြင်းစွာ၊ မပြုရာတည်း}}ဟု သတိပေးထား၏။” လောကသည်အလွန်ပူ၏။ ခြောက်သွေ့၏။ ရေကန်ရေအိုင်တို့၌ ရေသောက်သောသားတို့ဖြငြွ့်ပမ်း၏။ အစပ်၊ အခါးအရသာရှိသော အသီး၊ အရွက်၊ အမြစ်တို့သည် အားရှိကုန်၏။ အချဉ်၊ အငန်၊ ပူသောအစာ၊ အပင်ပန်းခံခြင်း တို့ကို ကြဉ်ရှောင်အပ်ကုန်၏”ဟူ၍ ဥတုဘောဇနာသင်္ဂဟ ကျမ်းဆရာက ဆိုထားသည်။ကဆုန်လပြည့်နေ့တွင် ဗောဓိပင်ကို ရေသွန်းလောင်း ကာ ကုသိုလ်ပြုသည်။ ဗောဓိပင်ဆိုသည်မှာ ဘုရားရှင်တို့သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူရာ သ စ်ပင်ထူး၊ သစ်ပင်မြတ်ပင် ဖြစ်သည်။ ဗောဓိပင်ဟူသော ပါဠိသည် သိမြင်တော်မူခြင်း၊ သိမြင်တော်မူရာ ဟုအဓိပ္ပာယ်ရသည်။
အရှင်အာနန္ဒာဗောဓိပင်
ကလိင်္ဂဗောဓိဇာတ်တွင် ဘုရားရှင် ဇေတဝန်ကျောင်း တော်၌ သီတင်းသုံးတော်မူစဉ်က လူအများသည်ပန်းနံ့သာ စသည်တို့ကို ကိုင်ဆောင်၍ ဘုရားရှင်ကိုပူဇော်ရန် လာရောက်ဖူးမြော်ကြသည်။
ထိုအချိန်တွင် သုံးလူထွတ်တင်ဘုရားရှင်သည် သတ္တဝါများကို တရားဒေသနာ ဖြင့် ချီးမြှောက်ဟောကြားရန် ဒေသစာရြွီကချီတော်မူနေခိုက်နှင့် ကြုံ၍ မဖူးမြော်လိုက်ကြရသဖြင့် စိတ်လက်မကြည်သာ ဖြစ်ကြပြီး ဂန ̈ကုဋိတံခါးဝတွင် ပန်းနံ့သာတို့ကိုချ၍ ပြန်သွားကြရသည်။ ဤအကြောင်းကို အနာထပိဏ်သူဌေးကြီးက အရှင်အာနန္ဒာအား အကြောင်းစုံလျှောက်ထား၍ သိရသဖြင့်အရှင်အာနန္ဒာမှတစ်ဆင့် ဘုရားရှင်အား “ရှင်တော်မြတ်ဘုရား ဒေသစာရြွီကချီနေခိုက်ကိုယ်စားပူဇော်မှုပြုလုပ်နိုင်ကြပါရန် မဟာဗောဓိပင်မှမျိုးစေ့ကိုယူ၍ ဇေတဝန်ကျောင်းတော် တံခါးမုခ်၌ စိုက်ထားလိုကြောင်း”ဟု တောင်းပန်လျှောက်ထား ခဲ့သည်။
ညီချစ်အာနန္ဒာကောင်းစွ၊ သင့်မြတ်စွ၊ ဤသို့စိုက်ပျိုးသည်ရှိသော် ငါဘုရားသည် အမြဲနေဘိသကဲ့သို့ဖြစ်လတ္တံ့ဟူ၍ မိန့်တော်မူ၏။
အရှင်မဟာမောဂ္ဂလန်မထေရ်မြတ်သည် ယူဇနာ ၆၀ ကွာဝေးသော ဗောဓိမဏ္ဍိုင်ကုန်းတော်သို့ ကောင်းကင်ခရီးဖြငြွ့်ကချီ၍ ြွေကကျဆဲဖြစ်သော မူလမဟာဗောဓိမျိုးစေ့ကို သင်္ကန်းဖြင့်ခံ၍ ယူဆောင်လာခဲ့ပြီး အရှင်အာနန ́ာအား ပေးအပ်သည်။ ထိုဗောဓိမျိုးစေ့ကို ဇေတဝန်ကျောင်းဝင်းတွင် တံခါးမုခ်၏ သတ်မှတ်နေရာ၌ အနာထပိဏ်သူဌေးသည် မြေသို့ချစိုက်လိုက်ရာ တ န်ခိုးတော်ကြောင့်မြေသို့မရောက်မီ ထွန်တုံးပမာဏခန့် အတောင် ၅၀ မြင့်သော မဟာဗောဓိပင်သည် ပရိသတ်များ၏ ရှေ့မှောက်၌ပင် ခက်မငါးဖြာနှင့်ပြည့်စုံစွာဖြင့် အံ့ဩဖွယ်ရာ ရုတ်ခြည်းပေါက်ဖွားလာခဲ့သည်။ထိုမဟာဗောဓိပင်ကို ဘုရားရှင်ကိုယ်တော်အလား ပန်းနံ့သာ၊ ဆီမီးစသည်တို့ဖြင့်နေ့စဉ် ပူဇော်သက္ကာယပြုကြ သည်။ ပူရှိန်ပြင်းသည့် ကဆုန်လသို့ရောက်သောအခါ မင်းနှင့် ပြည်သူတို့သည် မဟာဗောဓိပင်မညှိုးရော်စေရန်ရေသွန်းပူဇော်ပွဲသဘင်ကို ကျင်းပကြသည်။ ဤဗောဓိပင်ကို အရှင်အာနန ́ာမထေရ် ကြီးမှူးစိုက်ပျိုးသဖြင့် “အာနန္ဒာဗောဓိ” ဟု အမည်တွင်သည်။ “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း”ကဆုန်လပြည့်နေ့သည်
(၁) ဘုရားလောင်း သုမေဓာရှင်ရသေ့သည်ဒီပင်္ကရာမြတ်စွာဘုရားရှေ့အရောက် ဝမ်းလျားမှောက်ကာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ခံယူရရှိတော်မူခဲ့၏။
(၂) အလောင်းတော် သိဒ ̈တ္ထမင်းသားကို မဟာ သက္ကရာ ဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌ မဟိလှိုဏ်ဆူ ဖွားမြင်တော်မူ၏။
(၃) သစ္စာလေးပါး မြတ်တရားကို ရရှိတော်မူရာ ဖြစ်သည့် မဟာဗောဓိပင်ပေါက်သောနေ့လည်း ဖြစ်သည်။
(၄) အလောင်းတော် သိဒ ̈တ္ထမင်းသားသည်မဟာသက္ကရာ ဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ ̈ဟူးနေ့တွင် သစ္စာလေးပါးမြတ်တရားကို ပိုင်းပိုင်းထင်ထင်သိမြင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့၏။
(၅) မြတ်စွာဘုရားသည် ဝါတော်လေးဆယ့်ငါး၊ သက်တော် ရှစ်ဆယ်၊ မဟာသက္ကရာ ဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ကုသိနာရုံပြည် မလ္လာမင်း တို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူခဲ့၏။
ပွဲခါညောင်ရေသွန်းပွဲပေ
ဂေါတမမြတ်စွာဘုရားရှင်၏ သစ္စာလေးပါး မြတ်တရားကို သိမြင်တော်မူရာ သ စ်ပင်မှာကား ညောင်ဗုဒ ̈ဟေ (ညောင်နီ) ပင်ဖြစ်၍ ထိုညောင်ဗုဒ ̈ဟေပင်သည်ဂေါတမဘုရားရှင် သာသနာတို့၌ ဗောဓိပင်မည်ပေသည်။ ယင်းဗောဓိပင်သည် ဂုဏ်အားဖြင့် ကြီးမြတ်သည့်သဘောရှိသဖြင့် “မဟာဗောဓိပင်”ဟု ခေါ်ဝေါ် ပေသည်။မြန်မာနိုင်ငံတွင် ရှေးဘုရင်များရှိခဲ့စဉ်က ကဆုန်လတွင် ကျင်းပသော ညောင်ရေသွန်းပွဲတော်သည်ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ကြီးမှူးကျင်းပ၍ အလွန်ကြီးကျယ်ခမ်းနား စည်ကားလှသည်ဟု မှတ်-တမ်း များ ရှိခဲ့သည်။ ထို့ကြောင့် ကုန်းဘောင်ခေတ်ဆင်ဖြူရှင်မင်းတရားလက်ထက်တွင် မဲဇာသို့ အပို့ခံရသော လက်ဝဲသုန ́ရဘွဲ့ခံအမတ်ကြီး ဦးမြတ်စံသည်ကဆုန်လပြည့်နေ့က မဲဇာရပ်သူတို့ ကျင်းပသွန်းလောင်း ကြသော ညောင်ရေပွဲသဘင်ကို တွေ့မြင်လိုက်ရသည့်အခါ ရတနာပူရ ရွှေမြို့တော်ကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ခမ်းနားကြီးကျယ်လှသည့် ညောင်ရေသွန်းပွဲတော်ကြီးကို မျက်စိထဲမြင်ယောင်လာပြီး “ပွဲခါ ညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ ̈ါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်” စသည်ဖြင့် အလွမ်း ဖွဲ့ပိုဒ်စုံရတုကို သီကျူးခဲ့လေသည်။