ရန်ကုန် ၁ ဖေဖော်ဝါရီ

 

ဂျပန်နိုင်ငံ Ballschule (Tokyo) Federation နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် Sports Education Project in Myanmar အစီအစဉ်၏ ကနဦးလှုပ်ရှားမှုအနေဖြင့် Ballschule Sports Demonstration ပြကွက်ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကစားနှင့် ကာယပညာသိပ္ပံရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက လက်ဝှေ့၊ အေရိုးဗစ်၊ တိုက်ကွမ်ဒို စသည့်အားကစားနည်းများဖြင့် သရုပ်ပြသခဲ့ကြသည်။ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် Four Hand Co.,Ltd Ballschule (TOKYO) မှ CEO Mr. ATUMI တို့က အမှာစကား ပြောကြားပြီး အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (ငြိမ်း)ဦးဇော်ဟိန်းမှ Ballschule Game ကစားနည်းအကြောင်းအရာအား မိတ်ဆက်တင်ပြခဲ့သည်။

 

mdn

 

ယင်း‌နောက် ကလေးငယ်များက Ballschule Game အစီအစဉ်ကို သရုပ်ပြသကစားခဲ့ပြီး မိဘအုပ်ထိန်းသူ ဆရာ/ဆရာမများနှင့်အတူ Ballschule Game ကစားခဲ့ကြသည်။

 

အေကေလင်း