နေပြည်တော် ဇူလိုင် ၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စု၊ ဘုရားလုံကျေးရွာနေ မနန်းသဇင်ခိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်း မြို့နယ်၊ ကရသူရိမြို့၊ အေးမြသာယာကျေးရွာအနီး၊ ဘုတ်ပြင်း-ကော့သောင်း သွားကားလမ်းတွင် ဖုန်းစံအောင် မောင်းနှင်ပြီး ရဲကိုကိုမြင့် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ တည်းခိုခန်း ကားပါကင်၌ သတင်းအရ စောင့်ဆိုင်းနေစဉ် ရဲမင်းထွန်း မောင်းနှင်ပြီး အာကာထွန်း လိုက်ပါလာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ အိုက်စ် ၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရ သည်။
(ရဲပြန်ကြား)