နေပြည်တော်ဧပြီ ၂၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၂၀ ရက် ညနေ ၆နာရီတွင် ဘားအံမြို့နယ်၊ ကော့ထမ္မလိန်းကျေးရွာအုပ်စု၊ ပိုင်ရန်းကျေးရွာ အနီး၊ နောင်လုံ-ပိုင်ရန်းသွားကားလမ်းတွင် လင်းလင်းပိုင်(ခ)ချမ်းမင်းနိုင် မောင်းနှင်လာသည့် မော်တော်ဆိုင် ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၆နာရီခွဲခန့်တွင် စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်၊ သာဘန်းလမ်း၊ အိမ်အမှတ် (၃၈၄)နေ ကျော်နိုင်(ခ)မာမတ်ဟာရှင်(ခ)ကလေးရား၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေး ၂,၀၃၅ ပြားနှင့် ဆေးခြောက် သုည ဒသမ ၁၈ ကီလိုတို့ကို လည်းကောင်း၊ ယင်းနေ့ ညနေ ၆ နာရီတွင် လောက်ကိုင်မြို့နယ်၊ ရွှေယင်စီးကျေးရွာအုပ်စု၊ ပြည်ထောင်စုကျေးရွာနေ လီလောက် ဖုန်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၁၂ ကီလိုတို့ကို လည်းကောင်း။
ဧပြီ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ကလောမြို့နယ်၊ အောင်ပန်းမြို့၊ လွယ်မောကျေးရွာ အုပ်စု၊ လွယ်မော ကျေးရွာနေ မိုးကျော်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ၊ ဘိန်းစိမ်း သုည ဒသမ ၃ ကီလိုနှင့် ဆေးခြောက် ၁ ဒသမ ၅ ကီလိုတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)