ဘားအံ ၂၅ စက်တင်ဘာ
ကရင်ပြည်နယ် တိုင်းရင်းဆေးဦးစီးဌာန၏ တိုင်းရင်းဆေးပညာဆိုင်ရာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် အနေဖြင့် ဘားအံမြို့နယ်တိုင်းရင်းဆေးကုသဌာန၏ အတက်ရောဂါအကြောင်း တိုင်းရင်းဆေးဖြင့် ကုသခြင်းဆိုင်ရာ သိကောင်းစရာများကို ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ခုတင် ၅ဝ ဆံ့ တိုင်းရင်း ဆေးရုံတွင် စာတမ်းဖတ်ကြား အသိပညာပေး ဆွေးနွေးကြသည်။
ဦးစွာ သဘာပတိဘားအံမြို့ကုတင်၅ဝဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါ်ကြည်ကြည်ဌေးက အဖွင့်အမှာစကား ပြောကြားပြီး ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးမှူး ဦးဇော်မိုးထွေး အတက်ရောဂါ၏ လက္ခဏာများ၊ တိုင်းရင်းဆေး ပညာကုထုံးများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကာကွယ်ခြင်းများကို အသိ ပညာပေးစာတမ်း ဖတ်ကြား ပေးခဲ့သည်။
အတက်ရောဂါအကြောင်း ပြည်သူလူထုအား ကျန်းမာရေး ပညာပေးတတ်စေရန်၊ တိုင်းရင်းဆေးဖြင့် ကုသခြင်း ဆိုင်ရာများကို အသိဖလှယ်နိုင်ရေးအတွက်ရည်ရွယ်ကြောင်းနှင့် တက်ရောက်လာကြသော ပြည်နယ်တိုင်းရင်းဆေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဘားအံမြို့ ခုတင် ၅ဝဆံ့တိုင်းရင်းဆေးရုံ ဆေးရုံအုပ်ကြီး၊ တိုင်းရင်းဆေး ဆရာအသင်းမှ တိုင်းရင်းဆေး ဆရာကြီးများ၊ကရင်ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ် တိုင်းရင်းဆေးမှူးများ၊ ဒုတိုင်းရင်း ဆေးမှူးများ၊ လက်ထောက်တိုင်းဆေးမှူးများ၊ တိုင်းရင်းဆေးဝန်ထမ်းများနှင့် ဘားအံမြို့တိုင်းရင်း ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ဒေသခံတိုင်းရင်းဆေးပညာ ဝါသနာရှင်ပြည်သူများက အတက်ရောဂါ အကြောင်းဆိုင်ရာစာတမ်းနှင့် ပတ်သက်၍ အကြံပြုခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


