ရှမ်းရွာသစ်၊  ၂၉  ဇန်နဝါရီ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  အသက် (၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအား  လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် တစ်ဦးလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ်အတွက် ငွေကျပ် (၃၀၀၀၀) ကျပ်စီကို ဇန်နဝါရီ ၂၈ ရက်နေ့က ကွီးလေးကျေးရွာအုပ်စုရှိ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က  ကွီးလေးကျေးရွာအုပ်စုရှိ  အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ(၁၈၀၀၀၀)ကျပ်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)