လှိုင်းဘွဲ   ၁  အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၁၉ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာထောက်-၃(အင်အားပြ) ဦးမျိုးကိုကို က ပြိုင်ပွဲများ၏ စည်းမျဉ်း၊ စည်းကမ်းများနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရယ်ချက်ကို ကျောင်းသား/သူများ နာလည်သဘောပေါက် လွယ်ကူစေရန် အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။

 

အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ထာဝရအားထား မြတ်ဆရာများ ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ ပန်းချီပြိုင်ပွဲတွင် ဆရာ့အားမာန် ခေါင်းစဉ်ဖြင့် လည်းကောင်း စုစုပေါင်းကျောင်းသား/သူ (၄၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန်သောကျောင်းသား/သူများကို ၂၀၁၉ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းသန်း(ပြန်/ဆက်)