ဘားအံ ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၈ က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူ ဒေါ်စိုးစိုးအေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး မြို့နယ်စစ်တုရင် ဆပ်ကော်မတီအတွင်းရေးမှူး အမ်ဘရန်မိုင်က ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ စစ်တုရင်ပြိုင်ပွဲတွင် အသက်(၁၈)နှစ်အောက် ပြိုင်ပွဲဝင်အားကစားသမား (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
စစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)