ရှမ်းရွာသစ် ၁၉  ဇွန်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်း၊ မြို့ပေါ် (၄)ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ကိုဗစ်-၁၉ ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားတစ်ဦးအား ကိုဗစ် ကာလအတွင်း ထပ်ဆောင်းကူညီပံ့ပိုးငွေ သုံးသောင်းကျပ်နှင့် နိုင်ငံတော်မှထောက်ပံ့လျက်ရှိသော လူမှုရေးပင်စင် တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် (၃)လစာ သုံးသောင်းကျပ်၊ စုစုပေါင်း ခြောက်သောင်းကျပ်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ကိုဗစ်ကာလအတွင်း ထောက်ပံ့ငွေ တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ၃၅ ဦးအတွက် စုစုပေါင်း ငွေကျပ် ၁၀၅၀၀၀၀ ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ် (ပြန်/ဆက်)