ဘားအံ  ၂၉  စက်တင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်း ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော ကျေးရွာအုပ်စု ၉ အုပ်စုရှိပြီး မဲရုံပေါင်း ၅၀၁ ရုံဖြင့်ကျင်းပသွားရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း ဘားအံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

ဘားအံခရိုင်တွင် တစ်သီးပုဂ္ဂလ ၁၀ ဦးအပါအဝင် နိုင်ငံရေးပါတီ ၁၁ ပါတီက ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၂ ဝင်ရောက်အရွေးချယ်ခံယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်ထိ ပထမအကြိမ် ထုတ်ပြန်ခဲ့ သည့် မဲဆန္ဒရှင်စာရင်းအရ မဲဆန္ဒရှင်ဦးရေ ခြောက်သိန်းငါးသောင်း ရှစ်ထောင်ကျော်ရှိရာမှ ပုံစံ(၃)၊ (၃-က)၊ (၄)၊ (၄-ဂ)တို့ဖြင့် ပြင်ဆင်ဖြည့်စွက်စိစစ်ပြီး ဒုတိယအကြိမ် ထုတ်ပြန်မည့်မဲစာရင်းတွင် မဲဆန္ဒရှင်ဦးရေခြောက်သိန်းခြောက် သောင်းတစ်ထောင်ကျော် ရှိလာခဲ့ရာ ပြင်ဆင်ဖြည့်စွက်မှုပေါင်း သုံးထောင်ငါးရာကျော်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဒုတိယအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်းကို ယခုလကုန်ပိုင်းတွင် သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး အွန်လိုင်းမှ တစ်ဆင့်လည်း မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှု့နိုင်မည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ဒုတိယအကြိမ် မဲစာရင်းတွင် အမည်ပါရှိခြင်းမရှိပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် မဲစာရင်း ကပ်ထားကြေညာသည့် ၁၄ ရက်အတွင်း တောင်းဆိုနိုင်ကြောင်း ဘားအံခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

 

ဘားအံခရိုင်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ပထမအကြိမ်မဲပေးမည့် First Time Volter  အရေအတွက် အားဖြင့် ဘားအံမြို့နယ်တွင် ၄၁၃၅၃ ဦး၊ လှိုင်းဘွဲမြို့နယ်တွင် ၂၈၀ဝ၂ ဦး၊ သံတောင်ကြီးမြို့နယ်တွင် ၆၇၀၂ ဦး၊ စုစုပေါင်း ၇၆၀၅၇ ဦး ရှိပြီး “ ပုံမှန်အနေအထားအရဆိုရင်တော့ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းတွေနဲ့ ထိတွေ့ပြီးတော့ မဲဆန္ဒရှင်ပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်ရမယ့် အချိန်ပေါ့နော်၊ အခုကတော့ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကျွန်တော်တို့က လူလူချင်း ထိတွေ့ပြီး မလုပ်နိုင်တဲ့ အခါကျတော့ အွန်လိုင်းကနေပြီးတော့ မဲဆန္ဒရှင်အသိပညာပေး ကိစ္စတွေကို ဆောင်ရွက် လျက်ရှိပါ တယ်၊ ၂၀၂၀ ရွေးကောက်ပွဲကလည်း ကျင်းပဖို့သိပ်ပြီးမလိုတော့ဘူး၊ တစ်လကျော်ကျော် လောက်ပဲ လိုတော့တဲ့အနေ အထားဖြစ်ပါတယ်၊ အခုချိန်အတွင်းမှာလည်း ကိုဗစ် ၁၉ ကပ်ရောဂါက ပြည်တွင်း ကူးစက်မှုနှုန်းတွေ မြင့်တက်နေ တယ်ပေါ့နော်၊ ကျွန်တော်တို့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ဆိုရင်တော့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူ အားလုံးအနေနဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့အညီ ပူးပေါင်းဆောင်ရွက် ပေးကြပါ  ဟု ဘားအံရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်ထွန်း ပြောသည်။

 

ဘားအံခရိုင်တွင် သက်ကြီးရွယ်အိုများ၊ ရောဂါဝေဒနာခံစားနေရ၍ အိပ်ယာထဲ လဲနေသူများအပါအဝင် မသန်စွမ်း မဲဆန္ဒရှင်များအနေဖြင့် ဘားအံမြို့နယ်တွင် ၄၀၇ ဦး၊ လှိုင်းဘွဲမြို့နယ်တွင် ၄၁၅ ဦး၊ သံတောင်ကြီး မြို့နယ်တွင် ၃၅၅ ဦး စုစုပေါင်း ၁၁၇၇ ဦးရှိပြီး ဘားအံရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးကျော်ကျော်ထွန်းက မသန်စွမ်းမဲဆန္ဒရှင် တွေ လွယ်ကူအဆင်ပြေစွာဆန္ဒမဲပေးနိုင်ဖို့ မဲရုံတွေကို အထပ်မြင့်အဆောက်အဦတွေမှာ လျာထားခြင်းမရှိဘဲနဲ့ သွားလို့ လာလို့လွယ်ကူတဲ့ မြေညီထပ် လိုနေရာမျိုးမှာဘဲ မဲရုံတွေကို လျာထားဆောင်ရွက်ထားပါတယ်၊ မသန်စွမ်းမဲဆန္ဒရှင်တွေ မဲရုံကိုလာရောက်မဲပေးမယ်ဆိုရင်လည်း ကူညီဆောင်ရွက်ပေးဖို့ မဲရုံအဖွဲ့ဝင်တွေကို ကျွန်တော်တို့ မှာကြားဆောင်ရွက်သွား မှာဖြစ်ပါတယ်၊ မဲရုံကိုမလာရောက်နိုင်တဲ့မသန်စွမ်းတွေအတွက်လည်း ကြိုတင်မဲစနစ်နဲ့ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ် ဟုပြောသည်။

 

ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ကိုဗစ် ၁၉ စည်းကမ်းချက်များနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ပို့ချပြီးစီးခဲ့ပြီး ယခုအချိန်တွင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့်စာအိတ်များ ပေးပို့နိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ရွေးကောက်ပွဲနေ့တွင် သတင်းရယူမည့် သတင်းမီဒီယာများအား စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)