ဘားအံ   ၃၁ မေ

 

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်း၊ ညဈေးတန်းအနီးရှိ လုံးပတ်ပေ ၂၀ ခန့်ရှိ ညောင်ပင်မှ ညောင်ကိုင်းဆွေး၍ ယနေ့ နံနက်ပိုင်းက  (၁၀)ပေခန့်အမြင့်မှ ကျိုးကျခဲ့ကြောင်း သိရသည်။

 

 အဆိုပါ ညောင်ကိုင်းပြိုကျမှုကြောင့် ညောင်ပင်အောက် ရပ်နားထားသော ကန်တာယာဉ်ပေါ်သို့ လုံးပတ်(၅)ပေခန့်ရှိ ညောင်ကိုင်း(၁)ကိုင်း၊ သုံးဘီးအပြာရောင်ပေါ်သို့ လုံးပတ်(၈)လက်မခန့်ရှိ ညောင်ပင်ကိုင်း အဖျားတို့ ပိမိခဲ့ကြောင်းနှင့်  လူထိခိုက်မှု မရှိကြောင်း သတင်းရရှိသည်။

 

နေမျိုးလွင် (ပြန်/ဆက်)