ဘားအံ၊ ဇန်နဝါရီ

ပူပြင်းခြောက်သွေ့၍ မီးလောင်လွယ်သည့် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာလုပ်ငန်း သင်တန်းကျောင်း (ဘားအံ) ဇန်နဝါရီ ရက် မွန်လွဲ နာရီခန့်က  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုတို့ကို ဆောင်ရွက်ခဲ့သည်။

ဘားအံခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာ များကို အသိပညာပေးဟောပြောပြီး ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကရင်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးခင်မောင်ဇော် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဘားအံ)ကျောင်း အုပ်ချုပ်မှုရုံးခန်း ရှေ့နှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘားအံ) နှစ်ထပ်ကျောင်းသား အိပ်ဆောင်ရှေ့တို့တွင် သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်လုံခြုံရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခဲ့ ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)