ဘားအံ  ၈  နိုဝင်ဘာ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အမှတ်(၁) ကူးဆိပ်ရပ်ကွက် မဲရုံအမှတ်(၁)၌ ညနေ ၄ နာရီတိတိတွင် မဲရုံးမှူးက မဲရုံကိုပိတ်သိမ်းကြောင်းကြေညာပြီး နိုင်ငံရေးပါတီကိုယ်စားလှယ်များ စောင့်ကြည့်လေ့လာသူများ ရှေ့မှောက်တွင် ဆန္ဒမဲလက်မှတ်များကို ပွင့်လင်းမြင်သာစွာ ရေတွက်လျက်ရှိသည်။

 

ဘားအံမြို့နယ်တွင် မဲရုံပေါင်း ၂၃၀ ဖြင့် အထွေထွေရွေးကောက်ပွဲကို ကျင်းပလျက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြကာ ညနေ ၄ နာရီ မဲရုံပိတ်သိမ်းချိန်တွင် ဆန္ဒမဲလက်မှတ်များကို ရေတွက်​နေခြင်း ဖြစ်သည်။

 

ဘားအံမြို့အမှတ်(၁)ကူးဆိပ်ရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂၀၈၂ ဉီးရှိပြီး ကြိုတင်မဲပေးသူ ၅၀၀ ဉီးရှိကာ ယနေ့တွင် ၁၀၅၆ ဉီး လာရောက်ဆန္ဒမဲပေးခဲ့ကြောင်း  အမှတ်(၁)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။

 

ယခုအခါ ဆန္ဒမဲလက်မှတ်များကို ရေတွက်လျက်ရှိပြီး ရရှိလာသည့်မဲရလာဒ်အဖြေများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ထံပေးပို့၍ မဲရလာဒ်အဖြေများကို ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)