ဘားအံ ၁ ဖေဖော်ဝါရီ

ကရင်ပြည်နယ်၊ ဘားအံမြို့ တော်ပုံကျေးရွာအုပ်စု၊ တော်ပုံကျေးရွာရှိ ဇွဲကပင်တောင် အငူတွင် ယနေ့ည ည ၇ နာရီခန့်က တောမီးများလောင်ကျွမ်းခဲ့ရာ ကမ်းပါးယံသို့ကူးစက်ပြီး တောင်ခြေသို့ ရောက်ရှိလောင်ကျွမ်းခြင်း မရှိသဖြင့် မီးငြှိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ တောမီးလောင်ကျွမ်းခြင်းအား ဘားအံမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်ယာဉ် (၃) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီး၊ တော်ပုံ ကျေးရွာသူ ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များက မီးလောင်ကျွမ်းမှု အခြေအနေနှင့် မီးငြှိမ်းသတ်နိုင်ရေး စောင့်ဆိုင်းလျက်ရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)