ဘားအံ   အောက်တိုဘာ  ၇

 

ကရင်ပြည်နယ်ဝန်ကြီးချုပ်      ဦးစောမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ   ပြည်နယ်   ငါးလုပ်ငန်းဦးစီးဌာနက   အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင်  ဘားအံမြို့နယ် ခလောက်ထောင်ကျေးရွာ ခလောက် ထောင်ရေလျှံကွင်းအတွင်း ပြုလုပ်သော    ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားသို့     တက်ရောက်ပြီး ငါးမျိုးစိုက်ထည့်ပေးသည်။

 

အဆိုပါအခမ်းအနားသို့  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊   ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးစုံမိုင်း၊ ပြည်နယ် ငါးမျိုးစိုက်ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်/ခရိုင်/ စခန်း ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံ ရပ်မိ ရပ်ဖများ တက်ရောက်ခဲ့ကြပြီး ကျုံဒိုး ငါးလုပ်ငန်းစခန်းမှ   နှစ်လက်မအောက်ခံအရွယ် ငါးခုံးမကြီးသားပေါက်ကောင်ရေ  ၁၅၀ဝ၀ဝ အား မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်