ဘားအံ  ၁၇  ဇူလိုင်

 

ကရင်ပြည်နယ်၊ ဘားအံမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် လက်ရက်ကန်း လက်တွေ့လုပ်ငန်းခွင်သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် သဘာဝဆိုးဆေးပြုလုပ်နည်း၊ မာဖလာရက်လုပ်နည်းနှင့် ခြုံပုဝါရက်လုပ်နည်းတို့ကို သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား(၁၀)ဦးအား သင်တန်းကာလ(၂၄)ဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပြသပေးသွား မည်ဖြစ်ကြောင်း သိရသည်။  

 

ကိုဗစ်-၁၉ အလွန်စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် လက်ရက်ကန်း လက်တွေ့လုပ်ငန်းခွင်သင်တန်းတွင် အိန္ဒုကျေးရွာမှ လက်ရက်ကန်းလုပ်ကိုင်နေသူများ တက်ရောက်ပြီး ကိုဗစ်-၁၉ ကာလတွင် ကိုယ်ပိုင်ရက်ကန်းလုပ်ငန်းများ ရပ်နားထားချိန်၌ Cash for Work အစီအစဉ်တွင် ပါဝင်လာပြီး အပိုဝင်ငွေရရှိသည့်အပြင် ခေတ်မီ သဘာဝဆိုးဆေး ပညာနှင့် လက်ရက်ကန်းပညာများ ပိုမိုသိရှိလာကြမည်ဖြစ်ကြောင်း ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (ဘားအံမြို့) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဧကရီအောင်အောင်မှ ပြောသည်။

 

(ခရိုင် ပြန်/ဆက်)