ဘားအံ     မတ်   ၃

 

ကရင်ပြည်နယ်  ဘားအံမြို့၌  မြန်မာ နိုင်ငံ      ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို  ကြိုဆိုဂုဏ်ပြု သောအားဖြင့်  ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား   ကျန်းမာရေး စောင့်ရှောက်ပေးမှုများကို ယနေ့နံနက် ၈ နာရီက   အမှတ်(၂)  အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ဆောင်ရွက် ပေးကြောင်း သိရသည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် ဘားအံ မြို့   ပြည်သူ့ဆေးရုံကြီးမှ သွားဆရာဝန် များနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက    သွားနှင့် ခံတွင်းရောဂါများ     စစ်ဆေးပေးခြင်း၊ အသက် ၄၀ နှစ်  အထက်ရှိသူများအား သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် နှလုံးရောဂါများစစ်ဆေးပေးခြင်း၊   အရပ် တိုင်းတာခြင်း၊ ကိုယ်အလေးချိန်တိုင်းတာ ခြင်းများ   ဆောင်ရွက်ပေးခဲ့ရာ သွားနှင့် ခံတွင်းရောဂါတွေ့ရှိသူ ၆၃ ဦး၊ သွေးတိုး ရောဂါရှိသူ ၄၄ ဦး၊  ဆီးချိုရောဂါရှိသူ ငါးဦး၊ သွေးတိုးနှင့်ဆီးချိုရောဂါရှိသူ ၁၃ ဦးနှင့် ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ကိုယ်လက်ထုံကျင်ခြင်း၊ သွေးအားနည်းခြင်း စသည့်   ရောဂါများ   ခံစားနေရသူ ၁၁၉ ဦး   စုစုပေါင်း ၂၄၄ ဦးကို  ကုသဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။                                                                                                      

ခရိုင်(ပြန်/ဆက်)