ဘားအံ  ဒီဇင်ဘာ  ၁၇

 

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းရှေ့၌ ဒီဇင်ဘာလူထုအားကစားလ တတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဘားအံတက္ကသိုလ်၊ ပညာရေးဒီဂရီ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဘားအံမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူ စုစုပေါင်းအင်အား ၂၉၇၆ ဦးတို့သည် သီရိလမ်း၊ ဇဗ္ဗူမြိုင်လမ်း၊ ရွှေကြက်ဖမီးပွိုင့်မှ ဘားအံ - ထုံးအိုင်လမ်း၊ နိဗ္ဗိန္ဒမီးပွိုင့်မှ အင်ကုန်းလမ်း၊ ထိုမှတစ်ဆင့် သီရိလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး သီရိကွင်းအတွင်းသို့ ဝင်ရောက်ကာ အကြောလျှော့ လေ့ကျင်းခန်းများ ဆောင်ရွက်၍ စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ် () နှင့် အမှတ် () တို့ကို ဆောင်ရွက်ကြသည်။

 

mdn

 

ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ပါဝင်ယှဉ်နွဲသူများအား လမ်းဦးစီးဌာနမှ နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

 

စောအေးချမ်း(ပြန်/ဆက်)