ဘားအံ မတ် ၈
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် တောမီးနှင့် အခြားမီးများကြောင့် လောင်ကျွမ်းမှု အရေအတွက်များနေခြင်းအား လျှော့ချနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ပေါ့ထော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ တောင်သူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်သည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ဘားအံခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူအသိပညာပေး “Fire Hotspot လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


