ဘားအံ ဇွန် ၂၀
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဖားအွန်ကျေးရွာအုပ်စု မိန်းမလှကျွန်းကျေးရွာတွင် ဇွန်လဒုတိယပတ်၌ ဖြစ်ပွားခဲ့သည့်လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၆)လုံးအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၁၉ ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် သဘာ၀ဘေးအန္တရာယ်ကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၃၀၀၀၀ဝိ/-) အိမ်ထောင်စု (၆) စုရှိ လူဦးရေ (၂၂) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေကျပ် (၄၆၂၀ဝိ/-) စုစုပေါင်း ငွေကျပ် (၃၄၆၂၀ဝိ/-) အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


