ဘားအံ ဩဂုတ် ၅
ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၂၄ စင်တီမီတာသို့ ရောက်ရှိနေပြီး အနိမ့်ပိုင်းရပ်ကွက်အချို့၌ နေအိမ်များ ရေနစ်မြုပ်လျက်ရှိရာ အဆိုပါရေကြီးမှုကြောင့် ရေဘေးသင့် အိမ်ထောင်စု ၂၁၄ စု၊ အမျိုးသား ၅၂၈ ဦး၊ အမျိုးသမီး ၅၄၀ စုစုပေါင်း ၁၀၆၈ ဦးတို့အား ခရိုင်၊မြို့နယ် သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မိုးလုံလေလုံအားကစားရုံ၊ ဆိုင်ကလုံးရှပ်တာ၊ ကြားတောရ ဘုန်းတော်ကြီးကျောင်း၊ ရွှေယာဉ်မျှော်ဘုရားများတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ပေးလျက်ရှိသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်နှင့်ဆီများ၊ ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဆန်နှင့်ခေါက်ဆွဲခြောက်များ၊ ဘားအံမြို့နယ် ဘာသာပေါင်းစုံ ညီညွတ်ရေးအသင်းမှ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဘားအံ(ပြန်/ဆက်)