ဘားအံ    ၁၄  မတ်


ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ ဘားအံမြို့နယ်အိန္ဒုဈေးအတွင်းနှင့် ဈေးပါတ်ဝန်းကျင်ရှိ အစားအသောက် ကုန်မာဆိုင်များအား သက်တမ်းလွန်ကုန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက်  ၈ နာရီခွဲက ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွတ်ကဲရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


ထို့သို့စစ်ဆေးရာတွင် အိန္ဒုဈေးအတွင်းနှင့် ဈေးပတ်ဝန်းကျင်ရှိ အစားအသောက်ကုန်မာဆိုင် (၃၅)ဆိုင်အား သက်တမ်းလွန်ကုန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ရာ ကုန်မာဆိုင်(၁၄)ဆိုင်မှ သက်တမ်းလွန် အချိုရည်၊ မုန့် မျိုးစုံ၊ ခေါက်ဆွဲခြောက်ထုပ်၊ ယိုးဒယားစာတမ်းပါ အသားလုံးထုပ်၊ ကြက်အူချောင်းထုပ်များအား သိမ်းဆည်းရမိခဲ့သည်။
 

ယင်းနောက် ပြည်နယ် ဦးစီအရာရှိ ဒေါက်တာမြတ်သူနှင့် ဝန်ထမ်းများ၊ အိန္ဒုကျေးရွာ ကျန်းမာရေးဌာနမှ ဆရာမ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အိန္ဒုဈေးတာဝန်ခံ၊ အိန္ဒုနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သိမ်းဆည်းရမိခဲ့သဖြင့် စားသုံးသူများ အန္တရာယ်မရှိစေရေး ဖျက်စီးခဲ့ကြောင်း သိရသည်။
                                            

နေမျိုးလွင်(ပြန်/ဆက်)

 

1