ဘားအံ  ၁၉  ဖေဖော်ဝါရီ 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အမှတ်(၁)ဘိလပ်မြေစက်ရုံ တန်(၉၀၀)မြိုင်ကလေးမှ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား(၂)ဦး၏ အကျိုးခံစားခွင့် ငွေလုံးငွေရင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီက အဆိုပါစက်ရုံဝင်းအတွင်းရှိ အစည်းအဝေးခန်းမ၌ ကျန်ရစ်သူမိသားစုများထံ ပေးအပ်ခဲ့သည်။

 

2

 

ထိုသို့ပေးအပ်ရာတွင် ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင် က အလုပ်တွင်ထိခိုက်သေဆုံးသူဦးအောင်စိုးမိုးအတွက်ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၉၇၅၀၀၀၀ (ကိုးဆယ်ခုနှစ်သိန်း ငါးသောင်းကျပ်တိတိ/-)ကိုလည်ကောင်း၊ ပြည်နယ်လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံအရာရှိ ဦးဝင်းဦးက အလုပ်တွင် ထိခိုက် သေဆုံးသူ ဦးညွှန့်ဝင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၈၂၅၀၀၀၀ (ရှစ်ဆယ်နှစ်သိန်းငါးသောင်းကျပ် တိတိ)ကိုလည်ကောင်း ထောက်ပံ့ပေးအပ်ရာ ကျန်ရစ်သူမိသားစုဝင်များက လက်ခံရယူသည်။

 

4

 

ထို့နောက် မမာမကျန်းမှု၊ ယာယီမသန်စွမ်းမှု၊ နာရေးစရိတ်အကျိုးခံစားခွင့် ငွေကျပ် ၁၂၈၄၄၅၀ (တစ်ဆယ့် နှစ်သိန်း ရှစ်သောင်းလေးထောင်လေးရာငါးဆယ်တိတိ)ကိုပေးအပ်ရာ တန်(၉၀၀)ဘိလပ်မြေစက်ရုံမှ ကိုယ်စားလှယ်တစ်ဦး က လက်ခံရယူခဲ့ပြီး စက်ရုံးမှူးဦးကျော်စိုးအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)