ဘားအံ စက်တင်ဘာ ၁၂
ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် သဘာဝရေလျှံကွင်းများအတွင်း ငါးသယံဇာတများစဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်စေရန်နှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာကို ပိုမိုဖမ်းယူစားသုံးနိုင်ရေးအတွက် စက်တင်ဘာ ၁၁ရက် နံနက်ပိုင်းက ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ မုက္ကဒိကျးရွာ၊ မုက္ကဒိရေလျှံကွင်းအတွင်း ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးစုံမိုင်း၊ ပြည်နယ်/ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများနှင့် ဘားအံခရိုင်ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မုက္ကဒိရေလျှံကွင်းအတွင်းသို့ ဘားအံငါးလုပ်ငန်းစခန်းမှ (၂)လက်မ အောက်ခံအရွယ် ငါးခုံးမကြီးကောင်ရေ(၁၀၀၀၀၀)အား မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ကျော်မိုးအောင်


