ဘားအံ ဩဂုတ် ၃၀
ကရင်ပြည်နယ် ဘားအံမြို့အတွင်းရှိ ကျေးရွာအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူများကို စုရပ်(၆)နေရာတွင် နံနက်(၉)နာရီမှ စတင်၍ ညနေ(၄)နာရီထိ ထိုးနှံပေး သွားမည် ဖြစ်ကြောင်း သိရရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ Volunteer များက ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံရှိ/မရှိမေးမြန်းခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုး နှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူ စေခြင်းများအား စီစဉ်ဆောင်ရွက်ပေး လျက်ရှိ ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ဒုတိယအကြိမ်အဖြစ် ထုံးအိုင်အခြေခံပညာအထက်တန်းကျောင်း၊ အိန္ဒု အခြေခံပညာအထက်တန်းကျောင်း၊ တောင်ကလေးအကျဉ်းထောင်၊ ဇာသပြင်ကော့ကျိုက် ဘုန်းတော်ကြီးကျောင်း၊ မြိုင်ကလေးတိုက်နယ်ဆေးရုံနှင့် ကော့ကူးဓမ္မာရုံ တို့တွင် အသက်(၆၅)နှစ်အထက်၊ Volunteer များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဈေးသူ/ဈေးသားများ၊ စက်ရုံအလုပ်ရုံမှ ဝန်ထမ်းများ၊ အကျဉ်းသား များအား ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်


