နေပြည်တော်၊ ၅ ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေးကျေးရွာအနီး ဘားအံ-လှိုင်းဘွဲ ကားလမ်း၌ ဇန်နဝါရီ ၄ ရက်က ကားလမ်းပြုပြင်နေသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီက အဆိုပါလမ်း၌ Steel Stone ကုမ္ပဏီမှ စံဖရီးကျေးရွာနေ ဦးထွန်းနိုင် (၃၂)နှစ်သည် မြေသယ်ယာဉ်မောင်းနှင်၍ ယာဉ်နောက်ပိုင်း ဟိုက်ဒရောလစ်အား မြှင့်တင်ပြီး ယာဉ်ပေါ်ပါမြေများအား လမ်းဘေးသို့ချခဲ့ကြောင်း၊ ယာဉ်ကိုယ်ထည်နှင့် လမ်းဘေးဓာတ်တိုင်တွင် သွယ်တန်းထားသော ဓာတ်ကြိုးနှင့် ထိမိနေပြီး ယာဉ်ပေါ်မှဆင်းကာ ဟိုက်ဒရောလစ်အား ပြန်ချရန် အတင်/အချပြုလုပ်သည့် မောင်းတံအားကိုင်လိုက်ရာ ဓာတ်လိုက်သေဆုံးသွားသဖြင့် ဦးထွန်းနိုင်သေဆုံးမှုအား စက်မှုဇုန်နယ်မြေရဲစခန်း၌ သေမှုသေခင်းရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား