နေပြည်တော် ၉ စက်တင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ (၅)ရပ်ကွက်နေ ဒေါ်ခိုင်ခိုင်ရွှေစီသည် မဲဘောင်ကျေးရွာရှိ အထူးကုဆေးရုံ၊ အခန်းအမှတ်(၁၀၅)တွင် စက်တင်ဘာ ၃ ရက် နံနက် ၅ နာရီ ၅၅ မိနစ်တွင် အိပ်ယာမှနိုးလာစဉ် ၎င်း၏ရွှေထည်ပစ္စည်းများ ထည့်ထားသည့် အိတ်သည် အခန်းအပြင်သို့ ရောက်ရှိနေသဖြင့် နေအိမ်အတွင်း စစ်ဆေးရာ ရွှေထည်ပစ္စည်းနှင့် ငွေစက္ကူကျပ် ၃၇၀၀၀၀ စုစုပေါင်း ကျပ် ၂၆၀၇၀၀၀၀ ပျောက်ဆုံးနေသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ စက်မှုနယ်မြေရဲစခန်း (ပ) ၃၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုရေးဖွင့်ခဲ့သည်။

 

အမှုမှ တရားခံဖော်ထုတ် ဖမ်းဆီးရမိရေးအတွတ် စက်မှုနယ်မြေရဲစခန်းမှူးနှင့် ပူးပေါင်းအဖွဲ့မှ CCTV မှတ်တမ်းများအရ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ရန်ကုန်မြို့၊ ကျိုက္ကဆံရပ်ကွက်နေ ဇော်ဝင်းထိုက် (ခ) ကြည်ခိုင် (၄၇)နှစ်အား ပဲခူးမြို့၌ သက်သေခံပစ္စည်းများနှင့်အတူ ရက်ပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။

 

ရဲပြန်ကြား